Saturday, October 25, 2008

အသက်ဓါတ်

အောက်တိုဘာ၂၃၊ ၂၀၀၈
ပန်းချီဆရာဝသုန်ကို ဒီနေ့ ရေဝေးမှာ လိုက်ပို့ကြတယ်။ မိတ်ဆွေတွေ အများကြီး လာကြတယ်။
အပြန် အလုံလမ်းက ပန်းစွယ်တော်မှာ ဆရာဖေမြင့်၊ ကိုမျိုးညွန့် (စာပေလောက)၊ ကိုရဲမြင့် (သရဖူ)၊ စိုးဝင်းငြိမ်း (ဒီဇိုင်း) နဲ့ အော်ပီကျယ်တို့ ထိုင်ကြတယ်။

မှတ်မှတ်ရရ (၂)ခု ရှိတယ်။
(၁) ကိုရဲ။ သူက မိန်းမ သိပ်ရှုပ်တယ်တဲ့။ သူ့မိန်းမနဲ့ သူ အလုပ်ရှုပ်နေတာ တဲ့။ ဟုတ်တယ်။ မိန်းမဆီကို ဖုန်း ထထဆက်ရတာ ခနခနပဲ။
(၂) ဂျာနယ်အသစ်တစ်စောင်က ကိုမျိုးညွန့်ကို မေးတယ်။ ဘာကြောင့် သူတို့ဂျာနယ် မပေါက်တာလဲ တဲ့။ စာဖတ်သူဘက်က ကြည့်ရင် ဘာဖတ်ရမှန်း မသိဘူး ဆိုတဲ့အဖြေ ရတယ်။ ဒါနဲ့ ဆရာဖေမြင့်က မဂ္ဂဇင်းတစ်စောင်ရဲ့ အသက်ဓါတ်မပါခြင်းအကြောင်း ပြောဖြစ်တယ်။
ဟုတ်တယ်။ ဘာပဲလုပ်လုပ် `အသက်ဓါတ်´ အရေးပါတယ်။

Friday, October 17, 2008

အင်တာနက်ဆိုင်သစ်လေး

ကျွန်တော်တို့ သူငယ်ချင်း လူအိုတွေစုပြီး အင်တာနက်ဆိုင်လေး
ထူထောင်ကြတယ်။ ဗိုလ်ချုပ်လမ်း၊ ၄၆လမ်းထိပ်မှာ။
ဆိုင်နာမည်က Toon internet ။

စီးပွားရေး မလုပ်ဖူးကြတော့ အာနည်းချက်တွေ ရှိတယ်။
လိုတာတွေ အကြံပေးပါ။
ဖြစ်သင့်တာတွေ ပြောပါ။

အထူးသဖြပ့် လူငယ်တွေအတွက် နားခိုစရာ နေရာလေးတစ်ခုဖြစ်စေချင်တယ်။

Sunday, August 19, 2007

ကာတွန်းဆရာအော်ပီကျယ် ပထမစာမျက်နှာ

Blogger တွေကို သဘောကျတာနဲ့ ကြိုးစားပြီး စမ်းသပ်ကြည့်တာ။
အချိန်မရတော့ မှန်မှန် တင်ဖြစ်မယ် မထင်ဘူး။

အော်ပီကျယ်၊ အောက်တိုဘာ ၁၇၊ ၂၀၀၈